အယ်ဇိုင်းမားဝေဒနာရှင်များအတွက်နံနက်စာ
25-Feb-2017
" ကြက်သားရင်ပုံသား၊ ဟင်းနုနယ်၊ ချင်းမှုန့်နှင့် ခရမ်းချဉ်သီး ကြက်ဥ အဆာသွပ်ကြော်"
ပြုလုပ်ပုံမှာ
- လက်ကိုင်ပါ ဒယ်အိုး အလတ်တစ်ခုတွင် မီးကိုအနေတော်ပြုလုပ်ထားပြီး သံလွင်ဆီ(သို့မဟုတ်) ပဲပိစပ်ဆီကို အပူပေးပါ။
- ထောင်းထားသောချင်း (သို့မဟုတ်) ချင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် စဉ်းထားသော ကြက်သား၊ ခရမ်းချဉ်သီးများကို တစ်မိနစ်ခန့် ကြော်ချက်လုပ်လိုက်ပါ။
- ထို့နောက် နုပ်နုပ် စဉ်းထားသော ဟင်းနုနယ်ကို ထပ်မံထည့်၍ ကြော်ပါ။
- နွမ်းသွားလျှင် အရသာအတွက် ဆားအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးးပေးပါ။
- ကြက်ဥတွင် ထည့်သိုရမည့် အစာပြုု ပြင်ပြီးပါပြီ။ ခေတ္တ အအေးခံထား ပါ။
- ခေါက်ထားသော ကြက်ဥသုံးလုံးကို မကပ်သော non-stick ဒယ်အိုးတစ်လုံးတွင် ဆီအနည်းငယ်ဖျန်းပြီး ဒယ်အိုးနေရာအနှံ့ ရောက်စေရန်အတွက် ပြုလုပ်ပေးပါ။
- ခေါက်ထားသောကြက်ဥ ကိုထည့်ပြီး ဖြန့်ကြော်လိုက် ပါ။
- မီးဖိုပေါ်တွင် သုံးမိနစ် ခန့်ကြာအောင် ထားပြီး ပထမပြုလုပ်သော ကြက်သား၊ ခရမ်းချဉ်သီး အဆာများကို ကြက်ဥတစ်ခြမ်း ပေါ်တင်ပြီး ကျန်တစ်ခြမ်းကို အပေါ်မှအုပ်ပေးလိုက်ပါ။
ထို့နောက် တည်ခင်းမည့် ပန်းကန်ပြား ပေါ်သို့ ပြောင်းထည့်ပြီး ကျွေးမွေးနိုင်ပြီ ဖြစ်ပါသည်။
အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင်များသာ မဟုတ်ဘဲ သာမန်လူများလည်း စားသုံးနိုင်ပါသည်။ အရသာရှိ၍ အာဟာရဖြစ်စေသော ဟင်းတစ်မည်ပင် ဖြစ်ပါသည်။ထိုအရသာရှိသော ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနယ် အဆာသွပ်ကြော်သည် ပရိုတိန်းမြောက်မြားစွာ ပါဝင်ပါသည်။ နေဖြင့် အခြောက်ခံထားသော ခရမ်းချဉ်သီး(sun dried tomato)တွင် လိုက်ကိုပင်း (Lycopene) အင်တီအောက်ဆီးဒင့် ပါဝင်သည်။၄င်းသည် အပူပေးလေ ၄င်း၏ အင်တီအောက်ဆီးဒင့်ထွက်လေ ဖြစ်သည်။
ထို့ပြင်ခရမး်ချဉ်သီးတွင် ဗီတာမင် A, ဗီတာမင် C များလည်း ပါဝင်ပါသည်။ ဟင်းနုနယ်တွင် ဗီတာမင်အေ အမြောက်အမြား ပါဝင်ပြီး ၄င်း၏ထူးခြားသော အစွမ်းသတ္တိ အရည်အချင်း မှာ လူတိန်း (Lutein) ခေါ် အင်တီ အောက်ဆီးဒင့်ဓာတ် ပါဝင်ခြင်း ဖြစ်သည်။ ၄င်းလူတိန်းဓာတ်သည် မျက်စိအမြင် အားကောင်းစေခြင်း၊ နှင့် မျက်စိတိမ်ဖြစ်ခြင်းကို ကာကွယ်စေ ပါသည်။ ထို့ကြောင့် သက်ကြီးပိုင်းတွင် တိမ်ဖြစ်ပေါ်ခြင်းကို လူတိန်းဓာတ် က ကာကွယ်ပေးစေသည်။ ခရမ်းချဉ်သီး အခြောက်(Sun dired tomatoes) သည် အာဟာရဓာတ် လွန်စွာကြွယ်ဝပြီး ခရမ်းချဉ်သီးခြောက် ၁၀၀ ဂရမ် တွင်အာဟာရဓာတ် ၂၅၈ ကယ်လိုရီ ရှိပါသည်။ နှလုံးသွေးကြောကျဉ်း ရောဂါကို ပျောက်ကင်းစေသည့်အပြင် အယ်လ်ဇိုင်းမား ဝေဒနာရှင်များကိုလည်း သတိမေ့လျောခြင်းမှ ကာကွယ်စေပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ထူးထူးမြတ်
Wellness Healh & Beauty Magazine . June 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
